.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊
အနောက်မြို့ပတ်လမ်းရှိ စစ်ကောင်စီ၏ ၂၁၂ ဆက်သွယ်ရေးတပ်ရင်း အဝင်ဂိတ် စခန်းနေရာအား ယနေ့
ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ဝင်ရောက် တိုက်မိမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အမှတ် (၂၁၂) တပ်ရင်းအပေါက်ရှေ့၊
ဖရဲငွေတောင်လမ်းမှ ဆင်းလာသော လိုက်ထရပ်မော်တော်ယာဉ်သည် ဘရိတ်ပေါက်၍ လမ်းသွားလမ်းလာ
ဆိုင်ကယ် ၂ စီးအား ဝင်ရောက်တိုက်မိပြီး စစ်တပ်ကင်းစခန်း တံခါးမကြီးအား ထပ်မံဝင်ရောက်
တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့်
ဆိုင်ကယ်စီးပေါ်ပါသူ အနည်းဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
[ Photo | Original uploader ]
.