.
စစ်ကိုင်းတိုင်းဒေသကြီး၊
ဘုတလင်မြို့နယ်ရှိ Aung San Generation
၏ အဖွဲ့ခွဲစခန်းတစ်ခုအား ယမန်နေ့ ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရကြောင်း
အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
.
.
စစ်ကောင်စီဘက်မှ အင်အား
၅၀ ခန့်သည် ဘုတလင်ရှိ Aung San
Generation ၏ အဖွဲ့ခွဲထားရှိသော စခန်းအား လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထိုသို့ တိုက်ခိုက်ရာတွင်
လက်နက်အင်အား၊ လူအင်အား မမျှတမှုကြောင့် စခန်းအားလက်လွတ်ခဲ့ရသဖြင့် စစ်ကောင်စီ တပ်မှ
စခန်းရှိ အဆောင်များအားလုံးကိုလည်း မီးရှို့ဖျက်စီးခဲ့ပြီး စခန်းအတွင်းရှိ ငွေကြေး၊
ဖုန်း၊ ကျည်၊ ရိက္ခာ၊ အသုံးအဆောင် များ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
.
နှစ်ဘက်တိုက်ခိုက်မှုတွင်
စခန်းအတွင်းရှိ မိုင်းများခွဲရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုများ
ရှိခဲ့သော်လည်း Aung San Generation ရဲဘော်များမှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။
.