.
စစ်ကောင်စီ ယန္တရားကို
အထောက်အပံ့ဖြစ်စေသော လုပ်ငန်းများကို ရပ်တန့်ကြရန် ညောင်ရွှေမြို့နယ်အခြေစိုက် Assassin For Justice-AFJ ပြောက်ကျားအဖွဲ့က
ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
.
ညောင်ရွှေမြို့နယ်ရှိ
ပြည်သူများ၊ တောင်သူများထံမှ ရေခွန်များ အတင်းအဓ္ဓမ ကောက်ယူရန် လုပ်ဆောင်နေသော
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဆည်မြောင်းဌာနတို့၏ လုပ်ရပ်များကို မပြုလုပ်ရန်
တားမြစ်ကြောင်း AFJ က ထုတ်ပြန်ထားသည်။
.
ထို့အပြင်
အင်းလေးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ အင်းလေးရေပြင် သန့်ရှင်းရေးကို
အကြောင်းပြပြီး ပြည်သူများထံမှ ငွေကြေး ကောက်ခံကာ လုပ်အား အခမဲ့ အသုံးချ၍
စစ်ကောင်စီ အတွက် စည်းရုံးရေး အသွင်ဆောင်မည့် ဗေဒါဆယ်ယူ သန့်ရှင်းရေး
အစီအစဉ်သည်လည်း လျော်ကန်မှု မရှိသည့်အတွက် သတိပေးကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထား
သည်။
.
ထို့အပြင် ဒေသတွင်း
စစ်ကောင်စီ ယန္တရားကို အထောက်အပံ့ ဖြစ်စေသော မည်သည့် လုပ်ရပ်များမဆို ရပ်တန့်ကြရန်
နှင့် စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ဆက်လက် ရပ်တည်နေမည် ဆိုပါက
လုပ်သင့်လုပ်ထိုက်သည်များကို ပြည်သူ့ရှေ့က ရပ်တည် လုပ်ဆောင်မည်ဖြစ်ကြောင်း AFJ အဖွဲ့က ဆိုသည်။
.
AFJ အဖွဲ့သည်
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်ကလည်း ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းမပြုရန် တားမြစ်
သတိပေးချက်ကို မလိုက်နာသည့် မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာအား ရှင်းလင်းခဲ့ကြောင်း
၎င်းတို့ အဖွဲ့က ထုတ်ပြန်ထားသည်။
.
#KBZTai #24July2022
.
Link –
.