.
စစ်ကောင်စီဒေါက်တိုင်
ညောင်ရွှေမြို့၊ မင်္ဂလာရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာအား ပစ်ခတ်ရှင်းလင်း
ခဲ့သည်ဟု Assassin For Justice (AFJ) ပြောက်ကျားတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၁ ရက်၊ ညနေပိုင်းတွင်
ထုတ်ပြန် ခဲ့သည်။
.
.
အုပ်ချုပ်ရေးမှူး သော်တာသည်
ရပ်ကွက်သားများပေါ် ငွေကြေးအမျိုးမျိုး တောင်းခံခြင်း၊ အခြားမြို့ရွာများတွင် သွားရောက်
အလုပ်ကိုင်နေသူများကို PDF အဖွဲ့ထံ
သွားရောက်သူဟု စွပ်စွဲ၍ ငွေကြေးတောင်းခံခြင်းပြုလုပ်ခဲ့ကြောင်း AFJ ကဆိုသည်။
.
ထို့ကြောင့် ၎င်းအား
စစ်ကောင်စီဒေါက်တိုင် မပြုလုပ်ရန် သတိပေးပြောကြားရာ အချိန်မရွေးလာခဲ့ဟု စိန်ခေါ် ပြောဆို
သဖြင့် သတိပေးရန် သွားရောက်တွေ့ဆုံရာတွင် ပြန်လည်ရန်မူသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ညောင်ရွှေမြို့နယ်အတွင်းရှိ
အုပ်ချုပ်ရေးမှူးများအား လူထုကို ဖိနှိပ်နေသည့် စစ်ကောင်စီဒေါက်တိုင်အဖြစ် ဆက်လက်မလုပ်ကိုင်ရန်နှင့်
လောင်းကစားပြုလုပ်၍ စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေသော လောင်းကစားဒိုင် များကို ထပ်မံသတိပေးလိုက်ကြောင်း၊
စစ်အာဏာရှင် တည်တံ့ရေး ဆောင်ရွက်နေသူ အားလုံးကို သုတ်သင် ရှင်းလင်းသွားမည်ဖြစ်ကြောင်း
AFJ အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။
.
မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးသော်တာသည် ယနေ့ ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်လာစဉ်
နန္ဒဝန်ရပ်ကွက်၊ ဦးဖုန်းကြွယ်ဘုရားအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
.