.
ညောင်ရွှေမြို့နှင့်
မြို့အနီးတစ်ဝိုက် နေရာများတွင် ဇူလိုင်လမှ စတင်၍ မစ်ရှင်ပြုလုပ်ရန်ရှိသဖြင့် မြို့နေပြည်သူများ
ဂရုတစိုက်သွားလာကြရန် ပြည်သူ့ဘက်တော်သား Assassin For Justice-AFJ ပျောက်ကြားတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ
၁ ရက်၊ ညနေပိုင်းတွင် သတိပေးစာ ထုတ်ပြန်ထားသည်ဟု သိရသည်။
.
.
AFJ ပျောက်ကြားတပ်ဖွဲ့သည်
စစ်အာဏာရှင် သက်ဆိုးမရှည်စေရန် နည်းမျိုးစုံဖြင့် ဖြတ်တောက်ရေး၊ ပြည်သူ့ အသက်အိုးအိမ်စိမ်ကို
ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊
စစ်ကောင်စီ လုံးဝအုပ်ချုပ်ခွင့်မရစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ
၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါပျောက်ကြားတပ်ဖွဲ့အနေဖြင့်
သတင်းပေးဒလန်နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၆ ဦးအား ပစ်ခတ် ရှင်းလင်းမှုများပြုလုပ်ခဲ့ပြီး
၄ ဦးသေဆုံးကာ ၂ ဦးက ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
.
ပြည်သူများအနေဖြင့်
ပြည်သူများကို နှိပ်စက်ညှင်းပန်းသည်ဖြစ်၊ သတင်းပေးဒလန်များ၏ ကိုယ်ရေးအချက်အလက် များကို
သက်သေအထောက်အထားပြည့်စုံစွာဖြင့်ဖြစ်စေ (Assassin For Justice -AFJ) ထံသို့ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်း သိရသည်။
.
#KBZTai #2July2022
.
Link –
.