ကျိုင်းတုံမြို့၊ ပန်ဟုန်း စာသင်ကျောင်းရှေ့
လမ်းဘေး၌ ရပ်ထားသော (၁၂)ဘီးယာဉ်၏ အနောက်ပိုင်းကို ယနေ့ ဇူလိုင်လ ၆ ရက်၊ နံနက်
အစောပိုင်းက ဆိုင်ကယ် ဖြင့် ဝင်တိုက်ရာမှ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား
သေဆုံးခဲ့ကြောင်း သိရသည်။
.
လက်ရှိတွင် သေဆုံးသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို
မသိရသေးဘဲ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား ပြည်သူ့ဆေးရုံ
ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူ၏ အသိမိတ်ဆွေများ အနေဖြင့်
သက်ဆိုင်ရာနှင့် ပြည်သူ့ဆေးရုံသို့ ဆက်သွယ် အကြောင်းပေးပါရန် နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်းက
အသိပေးထားသည်။
.