.
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်
အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိရာ ယမန်နေ့ ဇူလိုင်လ ၂၀ ရက်အထိ ကျဆုံးသူ ၂၀၉၉
ဦး ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ထားသည်။
.
အဆိုပါ စာရင်းတွင်
ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ တနင်္သာရီတိုင်း၊
ပုလော မြို့နယ်၊ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်များ၌ ကျဆုံးခဲ့သော အပြစ်မဲ့ပြည်သူ
၇ ဦး၏ အချက်အလက်များကို ထပ်မံထည့်သွင်းထားခြင်းဖြစ်ပြီး အမှန်တကယ် ကျဆုံးသူအရေအတွက်မှာ
ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။
.
AAPP ၏ မှတ်တမ်းများအရ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်အထိ ချုပ်နှောင် ဖမ်းဆီးခံရသူ
စုစုပေါင်း ၁၁၇၄၃ ရှိကာ ယင်းတို့အနက် ၁၃၄၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း
သိရသည်။
.
ပြစ်ဒဏ်ချမှတ်ခံထားရသူများတွင်
အသက် ၁၈ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင် ၇၆ ဦးမှာ သေဒဏ်ချမှတ် ခြင်း ခံထားရပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ
၄၁ ဦး အပါအဝင် ၁၂၀ ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ် ခံထားရသဖြင့် စုစုပေါင်း သေဒဏ်ချမှတ်ခံထားရသူ
၁၁၇ ဦး ရှိကြောင်း သိရသည်။
.
ထို့အပြင် စစ်ကောင်စီမှ
မတရားချိတ်ပိတ် သိမ်းဆည်းခြင်းခံရသော နေအိမ်၊ အဆောက်အဦ စုစုပေါင်း ၆၇၈ ခုထက် မနည်း
ရှိခဲ့ကြောင်းလည်း သိရသည်။
.
.