တာချီလိတ်မြို့ရှိ 9 CHAN Bar တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့ရှိ 9 CHAN Bar တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

.

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်းရှိ 9 CHAN Bar တွင် ယနေ့ ဇူလိုင်လ ၂၃ ရက်၊ နံနက်အစောပိုင်းက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ရှိသည်ဟု သိရသည်။

.

.

ပစ်ခတ်သူများသည် အထောက်အထားမဲ့ ဝင်ရောက်လာသည့် ထိုင်းမူးယစ်ရာဇာအဖွဲ့များဖြစ်သည်ဟု သိရပြီး ၎င်းတို့ သည် တာချီလိတ်တွင် အဖမ်းအဆီးအခြေအနေကိုကြည့်၍ လှည့်လည်သွားလာနေသူများဖြစ်ကြောင်းနှင့် ယခု ပစ်ခတ် မှုအတွင်း လူ ၃ ဦးခန့်သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

.

တာချီလိတ်မြို့တွင် အထောက်အထားမဲ့ တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသား များ အများအပြားရှိနေပြီး လက်နက်ကိုင်ဆောင်မှုများပါ ရှိနေသော်လည်း ဒေသအာဏာပိုင်များက ထိန်းသိမ်းနိုင်ခြင်းမရှိ ကြောင်း ဒေသခံများက ပြောဆိုသည်။

.

ယခုဖြစ်စဉ်တွင် သေဆုံးသူ ၂ ဦးမှ ၃ ဦးအထိ ရှိနိုင်ကြောင်း ပြောဆိုကြသော်လည်း အသေးစိတ်ကိုမူ မသိရှိရသေးချေ။

.

Journal Download

Photo of three cats