ရွာငံဒေသကို စွန့်ခွာတော့မည် ဖြစ်ကြောင်းနှင့် ပုံစံ အမျိုးမျိုးဖြင့် ဆက်လက် တည်ရှိနေမည်ဟု YPDF အသိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံဒေသကို စွန့်ခွာတော့မည် ဖြစ်ကြောင်းနှင့် ပုံစံ အမျိုးမျိုးဖြင့် ဆက်လက် တည်ရှိနေမည်ဟု YPDF အသိပေး

ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေဖြင့် ရွာငံဒေသကို စွန့်ခွာတော့မည် ဖြစ်ကြောင်းနှင့် ပုံစံ အမျိုးမျိုးဖြင့် ဆက်လက် တည်ရှိနေမည်ဟု ယမန်နေ့ ဇွန်လ ၉ ရက်၊ ညပိုင်းတွင် အသိပေး ထုတ်ပြန်ထားသည်

.

PDF များပါမက ပြည်သူများပါ အစစအရာရာ ခက်ခဲ ကြပ်တည်းနေသော အချိန် ဖြစ်နေပြီး အခြေအနေအရ လုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အတွက်ကြောင့် ရွာငံဒေသကို စွန့်ခွာတော့မည် ဖြစ်ကြောင်း YPDF က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

.


တော်လှန်ရေး၏ အောင်နိုင်ရေးသည် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုနှင့် တိုက်ရိုက် အချိုးကျနေသည်ကို ပြည်သူများ အနေဖြင့် သတိထားစေလို‌ကြောင်းနှင့် လုံးဝ စိတ်ဓါတ် မကျပဲ မလျော့သော ဇွဲဖြင့် ပါဝင်နိုင်သည့် နေရာများတွင် ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းထားသည်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အတူ YPDF အနေဖြင့် တော်လှန်ရေးတွင် ပုံစံ အမျိုးမျိုးဖြင့် ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး လုံးဝ ဇွဲလျော့သွားမည် မဟုတ်ကြောင်းနှင့် စုဖွဲ့မှုအသစ်ဖြင့် ပြည်သူများရှေ့ မားမားမတ်မတ် အရောက် ပြန်လာမည်ဟု ကတိသစ္စာပြုကြောင်းလည်း ဖော်ပြထားသည်။

Journal Download

Photo of three cats