စစ်ကောင်စီအား ဆက်ကြေးပေး၍ ပြုလုပ်နေသော လောင်းကစားဝိုင်းများ ဖျက်သိမ်းရန် YPDF အသိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီအား ဆက်ကြေးပေး၍ ပြုလုပ်နေသော လောင်းကစားဝိုင်းများ ဖျက်သိမ်းရန် YPDF အသိပေး

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ အာဏာသိမ်း စစ်ကောင်စီအား ဆက်ကြေး ပုံမှန်ပေး၍ ပြုလုပ်နေသော လောင်းကစားဝိုင်းများကို ဖျက်သိမ်းရန် ရွာငံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က အသိပေး ထုတ်ပြန်သည်။

.

လောင်းကစားဝိုင်းများမှ ပေးသည့် ဆက်ကြေးငွေသည် အာဏာသိမ်းစစ်ကောင်စီ၏ ထောက်တိုင်များကို များစွာ အထောက်အကူ ဖြစ်စေပြီး လူငယ်များ၏ အကျင့်စာရိတ္တကို ပျက်ပြားစေသောကြောင့် ယခုအချိန်မှ စတင်၍ ဖျက်သိမ်းကြရန် YPDF က သတိပေး ထုတ်ပြန်ခြင်း ဖြစ်သည်။


အဆိုပါ အသိပေးကြေညာချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ဆက်လက်လုပ်ဆောင်မည် ဆိုပါက ထိရောက်စွာ အပြစ်ပေး ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

.

ရွာငံမြို့နယ် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် အသီးသီးတွင် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များကို ဆက်ကြေးငွေ ပေးဆောင်၍ လောင်းကစားဝိုင်းများအား တရားဝင်သဖွယ် လုပ်ဆောင်နေလျက် ရှိသည်။

Journal Download

Photo of three cats