မော်လမြိုင်တွင် WHO ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မော်လမြိုင်တွင် WHO ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယမန်နေ့ ဇွန်လ ၈ ရက်၊ ညနေပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

.


မော်လမြိုင်မြို့မှ WHO ဝန်ထမ်း တစ်ဦး ဖြစ်သူ ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ ရက်၊ ညနေ ၅ နာရီခန့်က ရုံးမှ အိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရသေးကြောင်း WHO Myanmar က အတည်ပြု သတင်းထုတ်ပြန်ထားသည်။

.

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်ကလည်း ကရင်နီ (ကယား) ပြည်နယ်တွင် Save the Children အဖွဲ့မှ ဝန်ထမ်း၂ ဦး အပါအဝင် အရပ်သားပြည်သူ ၃၅ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်မှု ဖြစ်ပွားခဲ့ဖူးသည်။

Journal Download

Photo of three cats