တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရွာငံမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (YUG) ပူးပေါင်းတပ်ဖွဲ့၏ အခြေခံ စစ်သင်တန်း အပါတ်စဉ် (၅) ပြီးမြောက်၍ တပ်ဖွဲ့ဝင်များ အောင်ပွဲခံနေခြင်းကို ယနေ့ ဇွန်လ ၃ ရက်တွင် TPDF က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါသင်တန်းသည် သင်တန်း ပို့ချရေး တပ်ခွဲ(၂) စခန်းကို စစ်ကောင်စီတပ်၏ အင်အား အလုံးအရင်းဖြင့် သိမ်းယူမှု ခံရပြီးနောက် ပြန်လည် ဖွင့်လှစ်ခဲ့သည့် သင်တန်း ဖြစ်ကြောင်းလည်း သိရသည်။