တောင်ကြီးမြို့ပေါ်မှ ဆရာ/ဆရာမများကို ဆရာ ပီသသူများ ဖြစ်စေလိုကြောင်း TGF သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်မှ ဆရာ/ဆရာမများကို ဆရာ ပီသသူများ ဖြစ်စေလိုကြောင်း TGF သတိပေး

ဝောာင်ကြီးမြို့ပေါ်၌ ပညာသင်ကြားနေသော ဆရာ/ဆရာမများ အနေဖြင့် မိမိတို့၏ လုပ်ရပ်များအား ပြန်လည် သုံးသပ်၍ ဆရာ ပီသသော ဆရာ/ဆရာမများအဖြစ်သို့ ပြန်လည် ရောက်ရှိစေလိုကြောင်း တောင်ကြီးမြို့ ပြောက်ကျားတပ်ဖွဲ့ (TGF) က ယ‌နေ့ ဇွန်လ ၁၅ ရက်တွင် သတိပေး ထုတ်ပြန်ခဲ့သည်။

.


စာသင်ကျောင်း အချို့ရှိ ကျောင်းအုပ်/ဒုကျောင်းအုပ်များသည် ကျောင်းသားများ၊ ကျောင်းသားမိဘများ၊ CDM ဆရာ/ဆရာမများအား ခြိမ်းခြောက်ခြင်းများ ရှိနေကြောင်းနှင့် အထူးသဖြင့် ကျောင်းသားများအား မိမိတို့၏ အဆောင်တွင် မတက်ရောက်ပါက အတန်း မတင်ပေးခြင်း၊ ငွေကြေး မတတ်နိုင်သည့် ကျောင်သားမိဘများအား ခြိမ်းခြောက် ငွေတောင်းခံခြင်းများကို ကြားသိရသဖြင့် TGF က ယင်းကဲ့သို့ အသိပေးရခြင်း ဖြစ်ကြောင်း သိရသည်။

.

ဆရာ/ဆရာမများ အနေဖြင့် မိမိတို့၏ တာဝန်ဖြစ်သော ကျောင်းသား/ကျောင်းသူများအား ကျောသား၊ ရင်သား မခွဲခြားဘဲ ရင်ဝယ်သားကဲ့သို့ ပညာသင်ပေးရမည်ကို သိရှိပြီး ကျောင်းသား/ကျောင်းသူများ အပေါ်အမြတ်ထုတ်၍ စစ်ကောင်စီ၏ လက်ကိုင်တုတ် ဖြစ်နေသော ကျောင်းအုပ်၊ ဒု‌ကျောင်းအုပ်နှင့် ဆရာ/ဆရာမများအား ဆက်လက် မလုပ်ဆောင်ရန် ထုတ်ပြန်ချက်တွင် အသိပေး ဖော်ပြထားသည်။

.


TGF အဖွဲ့ဝင်များသည် တစ်ချိန်က ကျောင်းသား/ကျောင်းသူများ ဖြစ်ခဲ့ဖူး၍ ၎င်းတို့အား ပညာသင်ကြားပေးသော ဆရာ/ဆရာမများ ရှိရာ နေရာများသို့ ထိခိုက်စေလိုသည့် အလုပ်များကို မလုပ်ဆောင်လိုခြင်းကြောင့်ယခုကဲ့သို့ အသိပေး ထုတ်ပြန်ရခြင်း ဖြစ်‌ကြောင်းကိုလည်း ရှင်းပြထားသည်။

.

အဆိုပါ လုပ်ရပ်များအား ထပ်မံ ကျူးလွန်ပါက ကျောင်းသားမိဘများ ကိုယ်စား လုပ်ဆောင်သင့်သည့် အရာများကို လုပ်ဆောင်ရလိမ့်မည်ဟု TGF က သတိပေးထားသည်။

.

တောင်ကြီးမြို့ ပြောက်ကျားတပ်ဖွဲ့ (TGF) အဖွဲ့ဝင်များသည် လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ နေရာများတွင်ပါဝင် အားဖြည့် ကူညီပေးနေရသောကြောင့် မြို့ပေါ် Mission များအား ခေတ္တခဏ ရပ်နားထားရသော်လည်း မြို့တွင်းရှိ စစ်ကောင်စီ၏ လက်ကိုင်တုတ်ဒလန်များ၊ ပြည်သူများအပေါ် ဖိနှိပ်၍ ဂုတ်သွေးစုပ် နေသူများ၏ သတင်းအချက်အလက်များကို စုံစမ်း၍ ပြုစုထားပြီး ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats