တောင်ကြီးမြို့ပေါ်၌ အချိန်မရွေး တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်မည် ဖြစ်သဖြင့် စစ်ကောင်စီနှင့် မပတ်သက်ကြရန်၊ ၎င်းတို့နှင့်တွေ့လျှင် ရှောင်ထွက်သွားကြရန် SYM-UGPDF က ယနေ့ ဇွန်လ ၂၈ ရက်တွင် ပြည်သူများအား အသိပေးထားသည်။
.
“ ဒုစခချုပ် စိုးဝင်း မပြန်မချင်း
တောင်ကြီးမြို့ပေါ်တွင် အချိန်မရွေး တိုက်ခိုက်မှု နှစ်ကြိမ ်ပြုလုပ်မည်ဖြစ်ပါသဖြင့်
အကြမ်းဖက် စစ်ကောင်စီနှင့် မပတ်သက်ကြရန်၊ ၎င်းတို့နှင့်တွေ့လျှင် ရှောင်ထွက်သွားကြရန်
မိဘပြည်သူများထံသို့ မိမိတို့ SYM-UGPDF မှ ထပ်လောင်း အသိပေးအပ်သည်။” ဟု ထုတ်ပြန်ထားခြင်း
ဖြစ်သည်။
.
.
ယင်းကဲ့သို့ သတိပေးခြင်းမှာ ပြည်သူများ
ထိခိုက်မှု ရှိမည်ကို စိုးရိမ်သောကြောင့် အန္တရာယ်ကို ရှေ့ထားပြီး သတိပေးခြင်း ဖြစ်
သကဲ့သို့ စစ်အုပ်စုအား ပေါ်တင် စိန်ခေါ်ခြင်းလည်း ဖြစ်ကြောင်းနှင့် ကြိမ်ဖန်များစွာ
သတိပေးထားသည့် ကြားမှ အသက်အန္တရာယ်ကို ဂရုမပြုဘဲ သွားလာနေစဉ် ထိခိုက်မှုများ ရှိခဲ့ပါက
တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိသည်ကို နားလည် ခွင့်လွှတ်ပေးစေလိုပြီး ဆုတ်လမ်း လွတ်လမ်းများတွင်
အတားအဆီး မပြုလုပ်မိကြစေရန်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်ကလည်း တောင်ကြီးမြို့ပေါ်တွင် SYM-UGPDF က ဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။