မေလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်ကို SWAN အဖွဲ့ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မေလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်ကို SWAN အဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ်၌ မေလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက်အလက်များကို ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) က ယနေ့ ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

.

စစ်ကောင်စီက ရွာငံနှင့် ဖယ်ခုံမြို့နယ်ရှိ ကျေးရွာနှင့် ပြည်သူ့ အိုးအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး မေလအတွင်း ပြည်သူ ၂၂ ဦးကို ဖမ်းဆီးကာ ၃ ‌ဦးအား အကြမ်းဖက် ရိုက်နှက်သဖြင့် ထိခိုက် ဒဏ်ရာ ရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.


စစ်ကောင်စီတပ်နှင့် PDF များကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး အမည်မသိ လက်နက်ကိုင်များ၏ ပစ်ခတ် သတ်ဖြတ်ခြင်းကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ရသည့်အပြင် မြေမြှုပ်မိုင်းနှင့် လက်ပစ်ဗုံးများကြောင့် ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟုလည်း ဆိုသည်။

.

ထို့အပြင် အိမ်တွင်း အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အများဆုံး ပါဝင်သော ကျားမ အခြေပြု အကြမ်းဖက်မှု ၂၁ မှု နှင့် ဓါးပြတိုက်မှု ၆ မှု ရှိခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။

Journal Download

Photo of three cats