.
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)
ဌာနချုပ် ဝမ်ဟိုင်းတွင် ယနေ့ ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးအခမ်းအနား
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားတွင် SSPP/SSA တာဝန်ရှိသူများက
အမှာစကား ပြောကြားခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း
သိရသည်။
.
အခမ်းအနားသို့ SSPP/SSA အဖွဲ့ဝင်များနှင့်အတူ SSPP/SSA အကြီးကဲများ၊ ပြည်သူလူထုများ
စုစုပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း SSPP က သတင်းထုတ်ပြန်ထားသည်။
.
Source – SSPP Info