တောင်ကြီးစည်ပင်က ပျံကျဈေးသည်များထံမှ လစဉ်ကြေး အဓမ္မ ကောက်နေ၍ အခက် တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးစည်ပင်က ပျံကျဈေးသည်များထံမှ လစဉ်ကြေး အဓမ္မ ကောက်နေ၍ အခက် တွေ့

 


မြို့တော် တောင်ကြီး၌ လမ်းဘေးနှင့် နေရာအချို့တွင် ရောင်းချနေသည့် ပျံကျဈေးသည်များ ထံမှ မြို့ နယ် စည်ပင်သာယာရေးဌာနက လစဉ်ကြေး အဓမ္မ ကောက်ခံနေခြင်းကြောင့် ပျံကျဈေးသည်အချို့ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

.

ယင်းကဲ့သို့ လစဉ်ကြေးကောက်ခံခြင်းမှာ ပျံကျဈေးသည် အားလုံးကို ကောက်ခံခြင်းမျိုး မဟုတ်ဘဲ လက်သင့်ရာကိုသာ ကောက်ခံခြင်း ဖြစ်သည့် အပြင် ဈေးရောင်းချကတ် ပေး၍ ကောက်ခံခြင်း ဖြစ်သည့်အတွက် မရိုးသားကြောင်း ပျံကျဈေးသည် တစ်ဦးက ပြောသည်။

.

“ တချို့ တွေက အချိန်ပိုင်း ထွက်ကြတာတွေ ရှိတယ်။ တချို့ကြတော့လည်း တစ်နေကုန် ရောင်းကြတာပေါ့။ ဈေး သည် အားလုံးကို ကောက်တာမျိုးတော့ မဟုတ်ဘူး။ လက်သင့်ရာကို အတင်း ကောက်တာ၊ မပေးရင် သတ်တော့မလိုမျိုး။  ဈေးက ရောင်းလို့ မကောင်း၊ သူတို့က လုပ်စားပြီး ခေါင်းပုံ ဖြတ်နဲ့ တကယ့်ကို ချစ်တီးတွေလိုမျိုး။ အခွန်ပြေစာရယ်လို့လည်း မပေးဘူး။ ဈေး ရောင်းချခွင့်ကတ်နဲ့ ငွေ တောင်းတာ။ ပြောရရင်တော့ ကတ်ကို ရောင်းစားသလိုမျိုးပဲ။” ဟု ဆိုသည်။

.

 


လစဉ်ကြေးအား ပျံကျဈေးသည်၏ ကုန် အမျိုးအစားနှင့် ဆိုင်အခြေအနေပေါ် မူတည်၍ ကောက်ခံခြင်း ဖြစ်ကြောင်းနှင့် တွန်းလှည်းဖြင့် ရောင်းချသည့် ပျံကျဈေးသည် တစ်ဦးလျှင် လစဉ်ကြေး ၆၀၀၀ ကျပ် ကောက်ခံကြောင်းနှင့် ပြီးခဲ့သည့် မေလအတွင်းမှ စတင်၍ ကောက်ခံခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

.

အဆိုပါ လစဉ်ကြေး ကောက်ခံရာတွင်လည်း ရုံးချိန်အတွင်း လာရောက် ကောက်ခံခြင်း မဟုတ်ဘဲ ညနေ ၅ နာရီ ဝန်းကျင်ခန့်တွင်သာ အရပ်ဝတ်ဖြင့် လာရောက် ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats