.
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် မိမိကိုယ်ကို အားကိုးရုံမှလွဲ၍
မည်သည့်နိုင်ငံကိုမျှ လက်တွေ့ကျကျ အားကိုး၍ မရနိုင်သည်ကို တွေ့မြင်နိုင်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်
(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့သည်ဟု
သိရသည်။
.
.ယနေ့ ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်
အမှာစကား ပြောကြားရာတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
မူးယစ်ဆေးဝါးသည် အမျိုးသားရေးအန္တရာယ်ဖြစ်ပြီး နိုင်ငံတိုင်းတွင်
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီ ကိုယ်စီ ထားရှိသော်လည်း မည်သည့်နိုင်ငံကမှ မူးယစ်ဆေးဝါး
အမြစ်ပြတ် တိုက်ဖျက်ရေးတွင် လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊
အတွေ့အကြုံများနှင့် သက်သေအထောက်အထားများအရ မိမိတို့အဖြေင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင်
မိမိကိုယ်ကိုယ် အားကိုးရုံမှလွဲ၍ မည်သည့်နိုင်ငံကိုမျှ လက်တွေ့ကျကျ အးကိုး၍ မရနိုင်သည်ကို
ထင်ရှာားစွာ တွေ့မြင်နိုင်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
.
မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်သူ များပြားလာသည်နှင့်အမျှ
မူးယစ်ဆေးဝဝါးမျး ပုံစံအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ် ပိုမိုတိုးပွားလာခြင်း၊ ခေတ်အဆက်ဆက်
အစိုးရအဖွဲ့များ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သူများ ထံမှ လာဘ်လာဘ ရယူကာ မျက်ကွယ်ပြုထားခြင်း၊
ဖြတ်လမ်းနည်းဖြင့် ကြီးပွားချမ်းသာလိုသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် ၎င်းတို့အား
လုံခြုံရေးပေးနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေခြင်း၊ နိုင်ငံတကာ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းများကလည်း
မူးယစ်ဆေးဝါးအန္တရာယ်အား ဘန်းပြကာ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်ခြင်းနှင့် ၎င်းတို့၏
စားကွက်ဖြစ်သည့် မူးယစ်ဆေးဝါးများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်သည့် အတွက် မူးယစ်ဆေးဝါးကို
မတိုက်ဖျက်ကြခြင်းတို့ကြောင့် မူယစ်ဆေးဝါးတိုက်ဖျက်ရေး မအောင်မြင်ရခြင်းဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အပြင် မိမိတို့၏ တိုင်းပြည်တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်အာဏာ
ရရှိလာပါက ၆ နှစ်မှ ၁၀ နှစ်အတွင်း မူးယစ်ဆေးဝါး အမြစ်ပြတ် ပပျောက်သွားအောင် ဆောင်ရွက်နိုင်မည်ဟု
ကြေညာထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ထပ်မံပြောဆိုခဲ့သည်။
.
ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ် ဆောင်ပေးခြင်းသည်
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန်အတွက် အကောင်းဆုံး နည်းလမ်း
ဖြစ်သည်ဟုယုံကြည်သည့်အပြင် ဆင်းရဲမွဲတေမှုကိုပါလျော့ကျစေသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ UNGASS
(the UNGASS Outcome Document) ၂၀၁၆ ခုနှစ်လုပ်ငန်းဖော်ဆောင်မှုရလဒ်အစီရင်ခံ
စာနှင့်အညီ ကမ္ဘာ့ကုလသမဂ္ဂ UN မှ ၂၀၁၅ ခုနှစ်တွင်
ဆုံးဖြတ်ချမှတ်ခဲ့သည့် ၂၀၃၀ ခုနှစ်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်လုပ်ငန်းစဉ် (the 2030 Agenda
for Sustainable Development) တို့နှင့်အညီ လုပ်ငန်းစဉ်ပန်းတိုင်အား
၂၀၃၀ ခုနှစ်တွင် အောင်မြင်စွာ ရောက်ရှိ စေနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
RCSS/SSA က ကြေညာချက် ထုတ်ပြန်ထားသည်။
.
RCSS/SSA အနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း
ယာဘဆေးပြား ၁၃၅၃၉၁၇ ပြား၊ Brown Sugar ၃၀၄ ကီလိုဂရမ်၊ အက်ဆစ်
၄၈၈၀၀ လီတာ၊ ဆိုဒါမှုန့် ၃၆၀၀၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၂၀ ဒသမ ၅၃၄ ကီလိုဂရမ်၊ ဘိန်းမဲ ၃၉၆၈ ဒသမ ၆၂၅ ကီလိုဂရမ် တို့ကိုဖမ်းဆီး
ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ကျား ၁၈ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၂၁
ဦးတို့ကို ဖမ်းဆီးအရေးယူခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ ကျား ၃၃၆ ဦး၊ မ ၂ ဦး၊ စုစုပေါင်း
၃၃၇ ဦးတို့အား ဆေးဝါးကုသ၍ ပြန်လည်မွမ်းမံထူထောင်ပေးခြင်း၊ မူးယစ်ဆေးဝါး တင်ဆောင်သည့်
မော်တော်ယာဉ် ၇ စီး တိ့ကို ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး အမှန်တကယ်
အမြစ်ပြတ်ပပျောက်နိုင်စေရန်အတွက် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS အနေဖြင့် ဒေသခံပြည်သူများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်
လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း RCSS ဗဟိုအလုပ်အမှုဆောင်အဖွဲ့က
ထုတ်ပြန်ထားသည်။
.