.
အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှု၊
လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှု အစရှိသည့် လုပ်ရပ်များကို (Responsibility
to Protect-R2P) အတိုင်း အရေးယူပေးရန်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြးခဲ့သည်ဟု
သိရသည်။
.
.Responsibility to Protect (R2P) နှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝန်မှု၊ လူမျိုးစုအလိုက်
သုတ်သင်ရှင်းလင်းမှု အပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ
ကာကွယ်တာဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကို ကုလသမဂ္ဂတွင် ပြုလုပ်ရာ သံအမတ်ကြီးက ယင်းကဲ့သို့
တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း PVTV သတင်းတွင် ဖော်ပြထားသည်။
.
ကုလသမဂ္ဂလုံခြုံရေးကော်စီမှ လက်ရှိမြန်မာနိုင်ငံအခြေအနေကို
ကာကွယ်ပေးရန် တာဝန်ရှိမှု၊ သတ်မှတ် အဆင့် များနှင့် ကိုက်ညီပြီး ကာကွယ်မှုပေးရန် ပြတ်သားသည့်
အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်ပြီး မြန်မာပြည်သူများကိုယ်တိုင်
R2P ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း
အရေးယူ အလေးထားမခံရသေးကြောင်း ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ တပ်သား၏ ဖုန်းအတွင်းမှ
ပြည်သူများကို သတ်ဖြတ်ထားသော အချက်အလက် များကိုလည်း ကုလသမဂ္ဂအစည်းအဝေးတွင် ချပြခဲ့ကြောင်း
သိရသည်။
.
ဦးကျော်မိုးထွန်းသည် ၂၀၂၀ ပြည့်၊ အောက်တိုဘာလ ၂၀
ရက်တွင် နယူးယောက်ရှိ ကုလသမဂ္ဂရုံး၌ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး
၂၀၂၁ ဖေဖော်ဝါရီလ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အာဏာသိမ်းကောင်စီကို
ဆန့်ကျင်၍ CRPH အတွက်ကိုယ်စားပြု တက်ရောက်ကြောင်း ပြောဆိုခဲ့သူဖြစ်သည်။
.