ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် ပန်ကိုင်ကျေးရွာကြား လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေး တောင်ကုန်းတစ်ခုပေါ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ရှမ်းမြောက ်ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA)က တိုက်ခိုက်ခဲ့သည်ဟု ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
.
PSDA ၏ (၁၁၁) တပ်ရင်းနှင့် (၂၂၂)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့က
စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက်ခံ ခမရ(၄၁၇)မှ ကင်းပုန်းဝပ်တပ်ဖွဲ့ကို ပြီးခဲ့သည့်
ဇွန်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးထက် မနည်း သေဆုံးခဲ့ပြီး
PSDA ဘက်မှ ထိခိုက်ကျဆုံးမှု မရျိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.