PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ပစ်သတ်ခဲ့သည့် နန်းခမ်းအွမ်၏ ရုပ်အလောင်းကို တောင်ကြီးတွင် သင်္ဂြိုဟ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ပစ်သတ်ခဲ့သည့် နန်းခမ်းအွမ်၏ ရုပ်အလောင်းကို တောင်ကြီးတွင် သင်္ဂြိုဟ်



PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာ‌နေ တပ်ဖွဲ့ဝင် သေနတ်ဖြင့် ပစ်ခတ်မှု‌ကြောင့် သေဆုံးခဲ့ရသည့် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၊ သီရိရပ်ကွက်မှ နန်းခမ်းအွမ် ကို ယမန်နေ့ ဇွန်လ ၂၂ ရက်တွင် တောင်ကြီးမြို့ရှိ တိုင်းရင်းသားပေါင်းစုံ သုဿန်တွင် သင်္ဂြိုဟ်ခဲ့‌ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်တွင် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ထွက်ကောဝိဒ က သေနတ်ဖြင့် ပစ်ခတ်ရာ ဆိုက်ခေါင်ကျေးရွာမှ နန်းခမ်းအွမ်၏ ဦးခေါင်းကိုကျည် ထိမှန်ခဲ့ပြီးနောက် တောင်ကြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ဇွန်လ ၂၁ ရက်က သေဆုံးခဲ့ရခြင်း ဖြစ်သည်။

.



နန်းခမ်းအွမ်၏ ရုပ်အလောင်းကို မိသားစုဝင်များကဆိုက်ခေါင်သို့ သယ်ဆောင်လိုသော်လည်း PNO က ခွင့် မပြုသည့်အတွက် တောင်ကြီး​မြို့တွင်သာ သင်္ဂြိုဟ်လိုက်ရ​ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ နန်းခမ်းအွမ် သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ ထွက်ကောဝိဒ ကို အရေးယူပေးရန် မိသားစုဝင်များနှင့် ဒေသခံပြည်သူများက တောင်းဆိုထားကြသည်။

Journal Download

Photo of three cats