စစ်ကောင်စီတပ် တပ်စွဲထားသည့် ဝါရီဆူးပလိုင်ရွာကို စစ်ဇုန်အဖြစ် မိုးဗြဲ PDF ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ် တပ်စွဲထားသည့် ဝါရီဆူးပလိုင်ရွာကို စစ်ဇုန်အဖြစ် မိုးဗြဲ PDF ကြေညာ

အာဏာသိမ်း စစ်ကောင်စီတပ် တပ်စွဲထားသည့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာကို စစ်ဇုန်အဖြစ် သတ်မှတ်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ဇွန်လ ၂၇ ရက်တွင် ကြေညာထားသည်။

.

ဝါရီဆူးပလိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ဧကစုစုပေါင်း ၁၀၀၀ ကျော်ခန့်ရှိ အများပြည်သူပိုင် လယ်ယာများ စိုက်ပျိုးခြင်း မပြုနိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ တပ်စွဲနေထိုင်လျက် ရှိသောကြောင့် MBPDF ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်( KNDF) တပ်ရင်း(၃) နှင့် အခြား မဟာမိတ်တပ်ဖွဲ့များမှ အစဉ်တစေ့ စောင့်ကြည့်ပြီး စစ်ကောင်စီတပ်အား နည်းပေါင်းစုံဖြင့် ရိက္ခာ ဖြတ်တောက်နိုင်စေရန်အတွက် သဘောတူဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

.


အဆိုပါ လုပ်ငန်း အောင်မြင်ရန်အတွက် လျှို့ဝှက်သော နည်းလမ်းများဖြင့် အများပြည်သူများ သွားလာခြင်း မပြုလုပ်ကြရန် အသိပေးခဲ့သော်လည်း ဆက်လက် သွားလာနေသည့်အတွက်ကြောင့် ယခုကဲ့သို့ ထပ်မံသတိပေး ထုတ်ပြန်ရခြင်းဖြစ်သည်ဟု MBPDF က ဆိုသည်။

.

ပြည်သူများနှင့် မည်သည့် အဖွဲ့အစည်းမဆို ဝါရီဆူးပလိုင်ကျေးရွာအား သွားလာခြင်းများ မပြုလုပ်ရန် နှင့် လိုက်နာခြင်း မရှိဘဲ သွားလာခြင်းများ ဆက်လက်ပြုလုပ်နေမည် ဆိုပါက လုံးဝ တာဝန်ယူမည် မဟုတ်ကြောင်း MB PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats