မိုးဗြဲမြို့မှ ပြည်သူများအနေဖြင့်
ယနေ့ (ဇွန်လ ၂၇ ရက်)မှ စ၍ ည ၉ နာရီ နောက်ပိုင်း (လုံးဝ) သွားလာခြင်းများ မပြုလုပ်ကြရန်
အထူးမေတ္တာရပ်ခံကြောင်း မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။
.
“
အကြမ်းဖက်စစ်ကောင်စီတပ်များရဲ့ ရက်စက် ယုတ်မာမှုများသည် တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာသည့်
အခြေအနေကြောင့် မိုးဗြဲမြို့မှ မိဘပြည်သူများ အနေဖြင့် ယနေ့မှ စ၍ ည(၉)နာရီနောက်ပိုင်း
(လုံးဝ) သွားလာခြင်းများ မပြုလုပ်ကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။” ဟု ထုတ်ပြန်ထားခြင်း
ဖြစ်သည်။
.
မိုးဗြဲမြို့ အပါအဝင် ဖယ်ခုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေလျက် ရှိရာ ဒေသခံပြည်သူ အများအပြားမှာ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရလျက် ရှိကြောင်း သိရသည်။