ဖယ်ခုံ-လွိုင်ကော် ကားလမ်း၊ ဆောင်ကန်းလမ်းခွဲအနီး၌ ယနေ့ ဇွန်လ ၂၁ ရက်၊ ညနေပိုင်းတွင် ၁၂ ဘီးယာဉ် ဖြင့် တင်ဆောင်လာသည့် စစ်ကောင်စီထုတ်ကုန် ဒဂုန်နီဘီယာများကို ဖယ်ခုံမြို့နယ် ပြည်သူကာကွယ်ရေးတပ်၊ တပ်ရင်း(၂)က ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီ ထုတ်ကုန်များအား ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်းများ မပြုလုပ်ရန် သတိပေးထုတ်ပြန်ထားပြီး ဖြစ်ရာ ထပ်မံ တွေ့ရှိပါက ပိုမို ပြင်းထန်သော ပြစ်ဒဏ်များပေးမည် ဖြစ်ကြောင်းကိုလည်း ဖယ်ခုံ PDF က သတိပေး ထုတ်ပြန်ထားသည်။