စစ်ကောင်စီတပ်က ကြက် လိုက်ဖမ်း ခိုးစားနေစဉ် ဖယ်ခုံ PDF တပ်ရင်း(၂) က ဝင်တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်က ကြက် လိုက်ဖမ်း ခိုးစားနေစဉ် ဖယ်ခုံ PDF တပ်ရင်း(၂) က ဝင်တိုက်


ဖယ်ခုံမြို့နယ်၊ လွယ်မကူးတောင်ပေါ်၌ တပ်စွဲထားသောစစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၇ ရက်၊ ည ၉ နာရီကျော်ခန့်တွင် တောင်ခြေရှိ လဟယ်ကျေးရွာ နေအိမ်များ အတွင်း ကြက်လိုက်ဖမ်း ခိုးစားစဥ် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂) ကချောင်းမြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

ယင်းကဲ့သို့ တိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီ တပ်သားများ တောင်ပေါ်သို့ တက်ပြေးသွားကြောင်းနှင့် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) က ထုတ်ပြန်သည်။

.

စစ်ကောင်စီတပ်သည် ကားအဖြူ‌ရောင် တစ်စီးဖြင့် လဟယ်ကျေးရွာနှင့် မခေခမ်းကျေးရွာသို့ ဝင်ကာ ပစ္စည်းများတင်ကာ ညောင်ရွှေမြို့နယ် ဘက်သို့ သယ်ယူနေသည်ကိုလည်း တွေ့ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အပြင် ဇွန်လ ၁၀ ရက်ကလည်း ဖယ်ခုံ PDF တပ်ရင်း (၂) နှင့် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုင်ပါအဖွဲ့တို့ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်စဥ် စစ်ကောင်စီဘက်မှ ၈ ဦး စနိုက်ပါကျည် ထိမှန်ခဲ့‌ကြောင်း သိရသည်။

Journal Download

Photo of three cats