ဖယ်ခုံဘက်မှ လွိုင်ကော်ဘက်သို့ ဖယ်ခုံ-လွိုင်ကော် ကားလမ်းမ၊ ဆောင်ကန်းလမ်းခွဲ အနီး၌ ယနေ့ ဇွန်လ ၄ ရက်တွင် မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသည့် စစ်ကောင်စီ ထုတ်ကုန် ဘီယာများကို ဖျက်ဆီးခဲ့ကြောင်း Pekhon PDF တပ်ရင်း(၂) က ထုတ်ပြန်သည်။
.
ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) နှင့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၃) တို့မှ မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးစဉ် စစ်ကောင်စီ ထုတ်ကုန် ဒဂုန်ဘီယာ အနီ ၁၂၀ ဖာကျော်ခန့်အား တွေ့ရှိရသဖြင့် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီ ထုတ်ကုန်များအား သယ်ဆောင်ခြင်း၊ရောင်းဝယ် ဖောက်ကားခြင်းများ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် က သတိပေး ထုတ်ပြန်ထားသည်။