တိုင်းရင်းသားများနှင့်အတူ တော်လှန်ရေးကို နိုင်အောင်တိုက်မည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုင်းရင်းသားများနှင့်အတူ တော်လှန်ရေးကို နိုင်အောင်တိုက်မည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော


တိုင်းရင်းသားများနှင့်အတူ တော်လှန်ရေးကို နိုင်အောင် တိုက်ကြမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှေ့တန်း စခန်းတစ်ခုသို့ သွားရောက်ပြီး PDF ရဲဘော်များအား တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

.

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အေးအေးချမ်းချမ်း ပညာသင်ကြားနေရမည့် လူငယ်များ အနေဖြင့် တိုင်းပြည်အတွက် လိုအပ်ချိန်တွင် ရှေ့တန်း ထွက်ပြီး ပါဝင်လာသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် စိတ်ဓါတ်က အရေးကြီးကြောင်း၊ CDM များကိုလည်း လေးစားကြောင်း၊ တိုင်းရင်းသားများနှင့်အတူ တော်လှန်ရေးကို နိုင်အောင် တိုက်မည် ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.




ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်သည် ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံအား အလေးပြုခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင် စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

.

ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလ သည် ရှေ့တန်း တစ်နေရာတွင် PDF ရဲဘော်များအား တွေ့ဆုံ၍ အားပေးခဲ့သည်။

Journal Download

Photo of three cats