ပြည်သူလူထု တစ်ရပ်လုံး ယုံကြည်လက်ခံသော ရဲတပ်ဖွဲ့ အဖြစ် စတင်အခြေပြု ပုံဖော်၍ ပြည်သူလူထုအတွက် တရားဥပဒေနှင့် အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ ဖြစ်စေရန် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေနှင့်အညီ ပြည်သူ့ရဲတပ်ဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဇွန်လ ၇ ရက်တွင် ထုတ်ပြန်သည်။
.
စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန်၊ ကြားကာလ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများကို ပြည်သူလူထုနှင့် ပူးပေါင်းတားဆီးရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ကရင်နီ (ကယား) ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း တို့တွင်လည်း CDM ပြုလုပ်ထားသည့်ရဲတပ်ဖွဲ့ဝင်များဖြင့် ပြည်သူ့ရဲတပ်ဖွဲ့များကို အသီးသီး ဖွဲ့စည်းထားကြောင်းလည်း သိရသည်။