အောင်ပန်းရှိ ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ၏ ယောက္ခမနေအိမ် ချိတ်ပိတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းရှိ ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ၏ ယောက္ခမနေအိမ် ချိတ်ပိတ်ခံရ

.
ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ NLD ပါတီ ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်၏ ယောက္ခမနေအိမ်အား ဇွန်လ ၁၆ ရက်က စစ်ကောင်စီမှ လာရောက်ချိတ်ပိတ်သွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
.

.
အောင်ပန်းမြို့၊ ရပ်ကွက် (၃)၊ ဗထူးလမ်းရှိ ဦးဇော်မင်းလတ်၏ ယောက္ခမနေအိမ်ကို ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီဘက်မှ အင်အား ၂၀ ကျော်ဖြင့် လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်ပြီး ယင်းနေအိမ်သည် ဦးဇော်မင်းလတ်၏ နေအိမ်မဟုတ်ဘဲ ၎င်းနှင့်လည်း သက်ဆိုင် ခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
ဦးဇော်မင်းလတ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ က‌လောမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
.

Journal Download

Photo of three cats