မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ဦး၊ ပါတီ ဥက္ကဋ္ဌဟောင်း ဦးခိုင်ထွန်း အပါအဝင် ၇ ဦးကို PDF များအား အထောက်အပံ့ပြုသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးနှင့် သမီးဖြစ်သူ CDM ကျောင်းဆရာမ ဒေါ်အေးချမ်းခင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီးနာက် ထပ်မံ၍ NLD ဥက္ကဋ္ဌဟောင်း ဦးခိုင်ထွန်း အပါဝင် ၅ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
.
ထပ်မံ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်ကြောင်းသာ သိရပြီး မည်သူမည်ဝါ ဖြစ်သည်နှင့် မည်သည့်ပုဒ်မဖြင့် အမှုဖွင့်သည်ကို မသိရသေးဘဲ မိုင်းတုံရဲစခန်းတွင် ချုပ်နှောင်ထားဆဲဖြစ်ကြောင်း သိရသည်။