အထူးဒေသ (၁) မုံးကိုးခရိုင်၊ တာမိုင်ပေါ်ဒေသ၌ မေလ ၃၁ ရက်မှ ဇွန်လ ၁ ရက်ထိ ၂ ရက်တာ အတွင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို MNDAA နှင့် KIA တို့ ပူးပေါင်းပြီး တားမြစ်တိုက်ခိုက်ခဲ့ကြောင်း The Kokang ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၃၁ ရက်၊ ညနေပိုင်းက MNDAA နှင့် KIA ပူးပေါင်းတပ်ဖွဲ့ တည်ရှိရာ အထူးဒေသ (၁)၊ တာမိုင်ပေါ်ဒေသ၊ မိုင်တောင် အနောက်ဘက် တောင်ကုန်းသို့ ဝင်ရောက်လာကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ တားမြစ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အလားတူ ဇွန်လ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ပူးပေါင်းအဖွဲ့ အခြေချရာ နေရာကို ဝင်ရောက် ထိုးစစ်ဆင်လာသည့်အတွက် ပူးပေါင်းအဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ ၂ ရက်တာ ထိတွေ့ တိုက်ပွဲများအတွင်း ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးကိုမူ မသိ ရသေးကြောင်း The Kokang သတင်းတွင် ဖော်ပြထားသည်။