ကျိုက်ထိုမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေ ဒေါင်းတောင် (လက်ပံပင်နှင့် ဘိုက္ကားကျေးရွာကြား) ၌ ယမန်နေ့ ဇွန်လ ၇ ရက် နံနက်ပိုင်းက ဖြတ်သန်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့ က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီ ယာဉ်တန်းသည် ပဲခူးမှ သထုံဘက်သို့ စစ်အင်အား အပြည့်ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ဒေါင်းတောင် အနီးသို့ အရောက်တွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ဝ ဦး သေဆုံးကာ ၁၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU မှ ထုတ်ပြန်သည်။
.
ထို့နောက် မိနစ်အနည်းငယ်အကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်များ အနေဖြင့် KNU ထိန်းချုပ်ရာ သထုံခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုနှင့် စစ်အင်အား တိုးချဲ့ လာခြင်းကြောင့် နယ်မြေခံ KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။