လွိုင်ကော်မှ မိတ္ထီလာသို့ တရားမဝင် သစ်များ သယ်ဆောင်သော ကားကို KNDF ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်မှ မိတ္ထီလာသို့ တရားမဝင် သစ်များ သယ်ဆောင်သော ကားကို KNDF ဖမ်းဆီး


လွိုင်ကော်မှ မိတ္ထီလာသို့ တရားမဝင် သစ်များ သယ်ဆောင်သော မော်တော်ယာဉ်ကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း(၃)က ဇွန်လ ၂၆ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

အဆိုပါ မော်တော်ယာဉ်သည် KNDF တပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်ရာ လမ်းတစ်လျှောက်တွင် မကြာခဏ ဖြတ်သန်း သွားလာခဲ့သောကြောင့် ရပ်တန့်စစ်ဆေးရာ တရားမဝင် သစ်များကို ခိုးယူသယ်ဆောင်နေကြောင်း တွေ့ရှိရခြင်း ဖြစ်သည်ဟု KNDF တပ်ရင်း(၃)က ထုတ်ပြန်သည်။

.


အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသော ယာဥ်မောင်းကို တစ်ညတာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး‌နောက် အငှားယာဥ်မောင်း လုပ်ကိုင်ခြင်းမှ အပ ပြစ်မှု တစ်စုံတရာ မတွေ့သောကြောင့် မူဝါဒနှင့်အညီ ခံဝန်ကတိဖြင့် ယနေ့တွင် ပြန်လည် စေလွှတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats