.
၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ကရင်နီပြည် ယနေ့ ဇွန်လ ၂၁ ရက်က ဒီးမော့ဆိုမြို့နယ်
တစ်နေရာတွင် ကျင်းပရာ အခမ်းအနားသို့ KNDF ဥက္ကဌ၊
အတွင်းရေးမှူးများနှင့် ဗဟိုကော်မတီဝင်များမှ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း KNDF
က ထုတ်ပြန်ထားသည်။
.
.အခမ်းအနားအတွင်း KNDF ဥက္ကဌနှင့်
အတွင်းရေးမှူးတို့က မိန့်ခွန်းများပြောကြားပြီ ၊ KNDF၏ သဝဏ်လွှာကို အတွင်းရေးမှူးအဖွဲဝင် တစ်ဦးက ဖတ်ကြားခဲ့ကြောင်း
သိရသည်။
.
ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ KNDF တပ်ရင်းများမှ ကရင်နီတပ်မတော်(KA)၊ တော်လှန်ရေး မိတ်ဖက်အဖွဲ့
အစည်းများ၊ ကရင်နီပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင် ဗြိတိသျှအင်္ဂလိပ်နှင့်
ဗမာဘုရင်တို့က ကရင်နီနိုင်ငံအား သီးခြား လွတ်လပ်ကြောင်း နှင့် ကရင်နီနိုင်ငံကို မည်သူမျှ
ကျူးကျော်ခြင်းမပြုရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည့်နေ့ကို ကရင်နီအမျိုးသားနေ့ အဖြစ်
သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
.