KNDF မှ ဦးဆောင် ဖွင့်လှစ်သော အရေးပေါ်အသက်ကယ်ခြင်းနှင့် ရှေးဦးသူနာပြုစုခြင်းသင်တန်း (Combat Casualty Care(CCC) Training) ကို ဇွန်လ ၅ ရက်မှ ၁၁ ရက်အထိ တစ်ပတ်တာ ပို့ချပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ သင်တန်းကို CDM ဆေးဝန်ထမ်းများက ပို့ချပေးခဲ့ခြင်း ဖြစ်ပြီး သင်တန်းသားဦးရေ ၄၁ ဦး တက်ရောက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၁၂) က ထုတ်ပြန်ထားသည်။
.
ဆေးတပ်သားများကို မွေးထုတ်ပေးသော ဆရာမများနှင့် တကွ သင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးခဲ့သော သက်ဆိုင်များအားလုံး၊ ပြည်သူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။