ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၆) တို့ ယမန်နေ့ ဇွန်လ ၁၂ ရက်၊ နံနက်ပိုင်းက ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ယင်း တိုက်ပွဲမှာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၃ ဦး ထိခိုက်နိုင်ပြီး KNDF မှ ရဲဘော် ၂ ဦး လက်နက်ကြီးကျည် ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ကူ အများအပြား ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း KNDF တပ်ရင်း(၆) က ထုတ်ပြန်ထားသည်။
.
ထို့အပြင် စစ်ကောင်စီ တပ်များ တပ်စွဲထားသော နေရာများတွင် အချိန်မရွေး ထိတွေ့ တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် ရွာသားများ ဖြတ်သန်း သွားလာခြင်း မပြုရန် KNDF က မေတ္တာရပ်ခံထားသည်။