ဇွန်လ ပထမပတ် တိုက်ပွဲများတွင် စစ်​ကောင်စီဘက်မှ ၂၆ ဦး​ သေဆုံးခဲ့သည်ဟု KNDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဇွန်လ ပထမပတ် တိုက်ပွဲများတွင် စစ်​ကောင်စီဘက်မှ ၂၆ ဦး​ သေဆုံးခဲ့သည်ဟု KNDF ထုတ်ပြန်


ကရင်နီ (ကယား) ပြည်နယ်၌ ယခု ဇွန်လ ပထမပတ်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၆ ဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)က ယနေ့ ဇွန်လ ၈ ရက်တွင် ထုတ်ပြန်သည်။

.

ထို့အတူ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ယာဥ် ၃ စီး မီးလောင်ခဲ့ပြီး လက်နက်အချို့နှင့် ယာဥ် ၂ စီးကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီ တပ်များသည် မိုးဗြဲမြို့ ရပ်ကွက်နေပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြု၍ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း KNDF က ဆိုသည်။



Journal Download

Photo of three cats