လွိုင်လင်လေး၌ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်သူများကို KNDF နှင့် KSP က ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်လေး၌ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်သူများကို KNDF နှင့် KSP က ဖမ်းဆီး


ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်လင်လေး၌ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်နေသူများကို ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း(၁၄) နှင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) တို့က ဇွန်လ ၆ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

လွိုင်လင်လေးမြို့၊ ပိန်းချစ်ကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် ဇွန်လ ၆ ရက်က ပိန်းချစ်ကျေးရွာနေ မောင်ခူရီပါ ၅ ဦးတို့ကို WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၄ ပြား၊ ငွေစက္ကူနှင့် အခြား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိသူများကို အမှတ် (၅) KSP ထံသို့ သက်သေခံပစ္စည်းများနှင့်အတူ အပ်နှံထားကြောင်း KNDF တပ်ရင်း(၁၄) က ယနေ့ ဇွန်လ ၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats