စစ်ကောင်စီ လက်အောက်၌ တာဝန် ထမ်းဆောင်နေသော အမျိုးသမီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် ယနေ့ ဇွန်လ ၂ ရက်တွင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ထံသို့ ခိုလှုံခဲ့ကြောင်း သိရသည်။
.
အသက် ၂၅ နှစ် အရွယ် ရဲဒုတပ်ကြပ် မဝီတိုရီယ (ခ) သိုးကလေး သည် စစ်ကောင်စီ၏ ရက်စက် ယုတ်မာမှုများကို မခံနိုင်သည်မှာ ကြာမြင့်ပြီ ဖြစ်၍ နည်းလမ်း ပေါင်းစုံ သုံးကာ ထွက်ခွာလာရခြင်းဖြစ်ကြောင်း KDF က ထုတ်ပြန်သည်။
.
ရဲဒုတပ်ကြပ် မဝီတိုရီယ အား ပြည်သူ့ရင်ခွင် ထံသို့ ပို့ဆောင် လွှဲပြောင်းပေးမည် ဖြစ်ပြီး လက်ရှိတွင်လည်း လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
.
ယင်းကဲ့သို့ ဝင်ရောက် ခိုလှုံလာမည့် စစ်သား၊ ရဲ တို့အနေဖြင့် လက်နက်များ ယူဆောင်လာနိုင်ပါက သိန်း ၃၀ ဆု ချီးမြင့်မည် ဖြစ်ပြီး မယူဆောင်လာပါကလည်း စိစစ် လုံခြုံအောင် လုပ်ဆောင်ပေးသွားမည်ဟုလည်း KDF က ဆိုသည်။