အင်းလေးဒေသ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတစ်ကြောတွင် ဇွန်လ ၁၁ ရက်က ပျံ့နှံ့ခဲ့သော Inle People Defense Force အမည် လိုဂိုပါ သတိပေးစာများမှာ Inle PDF က ဖြန့်ဝေခဲ့ခြင်း မဟုတ်ကြောင်း Inle People Defense Force အဖွဲ့က ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
အဆိုပါ သတိပေးစာပါ အကြောင်းအရာအချို့မှာ စစ်ကောင်စီ၏ ဝင်ငွေစီးဆင်းမှု လုပ်ဆောင်ချက်များ ဖြစ်ပြီး Inle PDF အနေဖြင့် လုံးဝ နှစ်သက်အားပေးခြင်း မရှိသော်လည်း အမှန်တကယ် ဖြန့်ဝေခဲ့ခြင်း မဟုတ်၍ လုံးဝ တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
Inle PDF အနေဖြင့် ရှေ့တန်း စစ်မြေပြင်တွင်သာ တိုက်ပွဲဝင်လျက်ရှိပြီး နောက်ပိုင်းတွင်လည်း ယခုကဲ့သို့ ကိစ္စများ ပေါ်ပေါက်လာနိုင်မည် ဖြစ်၍ Inle PDF မှ တရားဝင်စာတင်၍ အသိပေးထုတ်ပြန်ပြီး ကိစ္စအဝဝ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အလှူငွေကိစ္စနှင့် ပတ်သက်၍ Inle People Defense Force Page တစ်ခုတွင်သာ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပြီး အခြား အဖွဲ့အစည်းများမှ Inle PDF အမည်ဖြင့် အလှူခံခဲ့သည်ရှိသော် တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
![]() |
စာ အတု |