.
တောင်ကြီးမြို့၊ မြို့မဈေးမီးပွိုင့်အနီးရှိ
ယာဉ်ထိန်းရဲကင်းတဲအရှေ့တွင် ယနေ့ ဇွန်လ ၂၄ ရက်၊ နေလယ် ၂ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ယာဉ်ထိန်းကင်းတဲရှေ့၌ ယနေ့၊ ညနေ ၂ နာရီဝန်းကျင်က
ဗုံးဟုယူဆရသောအရာဝတ္ထုတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး
လူထိခိုက်ဒဏ်ရာရရှိမှုရှိ/မရှိ မသိရသေးပေ။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလအတွင်းကလည်း အဆိုပါ
တောင်ကြီးမြို့မဈေး မီးပွိုင့်လမ်းဆုံတွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲတစ်ဦး သေဆုံးခဲ့ဖူးကြောင်း
သိရသည်။
.
လာမည့် ဇွန်လ ၂၆ ရက်တွင် တောင်ကြီး၌ ပြုလုပ်မည့် ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲသို့ စစ်ခေါင်းဆောင် လာရောက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး
မလာရောက်မီ ယခု ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
.
ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။
.