.
ဓနုဒေသ၊ ရွာငံမြို့နယ်၊ ကျောင်းဆိုးကုန်းကျေးရွာတွင် ယမန်နေ့ ဇွန်လ ၁၈ ရက်က စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ဒေသခံ ကျေးရွာသားအချို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။
.
.
စစ်ကောင်စီအင်အား ၄၀ ခန့်ဖြင့် PDF စခန်းများကို ရှာဖွေစစ်ကြောင်းထိုး လိုက်နေခြင်းဖြစ်ပြီး ကျေးရွာဒေသခံ ၁၃ ဦးကို ဖမ်းဆီးသွားကာ ဖမ်းဆီးခံရသူများမှာ သာမန် လုပ်ကိုင်စားသောက်နေသည့် ကျေးရွာသားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ပဲရင်းတောင်ကျေးရွာအနီးရှိ ရွာတစ်ရွာတွင် PDF နှင့် ဆက်နွယ်သည်ဟုဆိုကာ ဒေသခံနေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ ယူဆောင်သွားခဲ့သည့်အပြင် နောက်ထပ် နေအိမ်များကိုလည်း မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံများက ဆိုသည်။
.
ဓနုဒေသ ပင်းတယနှင့် ရွာငံမြို့နယ်များတွင် စစ်ကောင်စီတပ်များ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာသားများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများကို ကျူးလွန်လျက်ရှိရာ ဧပြီလ ၂၂ ရက်မှ ယနေ့ အထိ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး သတ်ဖြတ်ခံရသူ ၁၀ ဦးနှင့် ဖမ်းဆီးခံရသူ ၆၀ ဝန်းကျင်ရှိကြောင်း သိရသည်။