ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နတ်ကြီးဖြင့် ပစ်ခတ်၍ ကျောင်းဆရာမ သားအမိ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နတ်ကြီးဖြင့် ပစ်ခတ်၍ ကျောင်းဆရာမ သားအမိ သေဆုံး

စစ်ကောင်စီတပ်က ဘီးလင်းမြို့နယ်အတွင်း၌ ဇွန်လ ၂၃ ရက်၊ နေ့လယ် ၁ နာရီ ဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ သားအမိ ၂ ဦး သေဆုံးခဲ့ရသည်ဟု KNU က ယနေ့တွင် ထုတ်ပြန်သည်။

.


အာဏာသိမ်း စစ်ကောင်စီတပ်၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၄၀၄) တပ်၊ စကခ (၈) လက်အောက်ခံ ပူးပေါင်းတပ်များ (နတ်ကြီး) စခန်းမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမ နော်စန်းစန်းဝင်း (ခ) နော်အေးနှင့် သူမ၏ ၁ နှစ် ၂ လသားအရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

"နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး ၃ ချက် ပစ်တယ်၊ ၁ နာရီကျော်မှာ တစ်ချက် ပစ်တယ် ၊အားလုံးပေါင်း ၄ ချက် ပစ်တယ်။ နောက်ဆုံး ၁ ချက်က ဆရာမ အိမ်ဘေး ကျပြီး ပေါက်ကွဲခဲ့တာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

.

သေဆုံးသူ နော်စန်းစန်းဝင်းသည် အစူးချောင်းကျေးရွာတွင် နေထိုင်၍ ဝင်းကတိုက် (ဝါကတယ်) ကျေးရွာတွင် ပညာသင်ကြားပေးနေသော ကျောင်းဆရာမ တစ်ဦး ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုမှာ နယ်မြေခံ KNU တပ်များနှင့် ထိတွေ့ ပစ်ခတ်မှု မရှိဘဲ ဒေသခံလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် လူနေထိုင်ရာ ကျေးရွာများ အတွင်းသို့ ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။

Journal Download

Photo of three cats