တောင်ကြီးမြို့ပေါ်တွင် ငွေကြေးလိမ်လည်မှုများ မကြာခဏ ဖြစ်ပွားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်တွင် ငွေကြေးလိမ်လည်မှုများ မကြာခဏ ဖြစ်ပွားနေ

.

မြို့တော် တောင်ကြီးတွင် ယခုရက်ပိုင်းအတွင်း ငွေကြေးလိမ်လည်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

.

.

လိမ်လည်ခံရသူအများစုမှာ ယုံကြည်မှုနှင့်ငွေ ချေးငှားထားသူများဖြစ်ပြီး ငွေယူသွားသူများက ပြန်လည်ပေးဆပ်ရမည့်အချိန်တွင် ပေးဆပ်ခြင်းမရှိဘဲ တိမ်းရှောင်၍ လိမ်လည်ထွက်ပြေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

“ကောင်မလေးတစ်ယောက်ဆို သူများအလုပ်တွေကို ဗန်းပြပြီး အလုပ်လုပ်ဖို့ ဆိုပြီး ငွေတွေ လိုက်ချေး တာပေါ့။ တကယ်တမ်းကျတော့ ဘာအလုပ်မှမလုပ်ဘဲ ငွေတွေလိမ်ပြီး ထွက်ပြေး သွားတာ။ လူအများကြီးဆီကနေ အားလုံးပေါင်းရင် သိန်းထောင်ကျော်လောက်ရှိတယ်ဟု ငွေကြေးလိမ်လည်ခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

.

အဆိုပါ လိမ်လည်ခံရယူများတွင် အများအားဖြင့် အရပ်စာချုပ်ဖြင့်သာ ချုပ်ဆိုကာ ငွေကြေး ချေးငှား လုပ်ကိုင်ကြခြင်း ဖြစ်သည့်အတွက် ဥပဒေအရ အရေးယူနိုင်ရန် လက်လှမ်းမမီကြောင်း ပြောဆိုမှုများ လည်းရှိနေသည်။

.

အဓိကကတော့ လောဘကြီးပြီး မလုပ်ဖို့လိုတာပေါ့။ တော်တော်များများက လောဘကြောင့် ဖြစ်ကြတာ များတယ်။ ဘယ်လောက်ပဲ ယုံကြည်ရတဲ့လူ ဖြစ်ပါစေ ငွေကြေးချေးငှားမယ်ဆိုရင် ပိုင်ဆိုင်မှုနဲ့ ဥပဒေကြောင်းအတိုင်းလုပ်တာ အကောင်းဆုံးပါပဲ” ဟု တောင်ကြီးဒေသခံတစ်ဦးကလည်း ၎င်း၏ အမြင်ကို ပြောသည်။

.

တောင်ကြီးမြို့ပေါ်တွင် တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်သူများသည် အတိုး ၄၀ ရာခိုင်နှုန်းအထိ ယူတတ်ကြပြီး အတိုးနှင့်အရင်းပါ ပြန်လည်ပေးဆပ်ခြင်းမရှိသူများ ရှိလာနေသဖြင့် မလိုလားအပ်သည့် ပြဿနာများလည်း ဖြစ်ပွားနေရကြောင်း သိရသည်။

.

Journal Download

Photo of three cats