.
၃၄ ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို
တောင်ကြီးမြို့တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံ၍ တောင်ကြီးမြို့၊
တောင်ကြီးဟိုတယ် ခန်းမတွင် ယမန်နေ့ ဇွန်လ ၂၈ ရက်မှ ယနေ့ ဇွန်လ ၂၉ ရက်အထိ ၂ ရက်တာကျင်းပနေခြင်းဖြစ်ကြောင်း
သိရသည်။
.
အစည်းအဝေးတွင် မြန်မာဘက်မှ စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) မှ ဒု-ဗိုလ်ချုပ်ကြီး အောင်စိုး ဦးဆောင်သော အဖွဲ့နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ကို
Lt.Gen. Apichet Suesat ဦးဆောင်တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း
သိရသည်။
.
အဆိုပါ အစည်းအဝေးတွင် ၃၃ ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိင်ရာ
နယ်ခြားကော်မတီ အစည်းအဝေးမှတ်တမ်းအား ပြန်လည်သုံးသပ်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာကိစ္စများ၊
နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှု ကိစ္စများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများ၊
နှစ်နိုင်ငံနယ်နိမိတ် ဆိုင်ရာကိစ္စများ၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စများနှင့် အခြားကိစ္စများအား ကဏ္ဍအလိုက်ဆွေးနွေး လျက်ရှိကြောင်း သိရသည်။