.
.တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (မိန်းလမ်း) ၊ သပြေရွှေဆိုင်ရှေ့၊ တောင်ကြီးမြို့မ ရဲစခန်းအနီးတွင် ယနေ့ ဇွန်လ ၁၈ ရက်၊ ညပိုင်းက အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်တစ်စီးမှ လမ်းလယ် အကာအရံများကို ဝင်ရောက်တိုက်မိပြီး တစ်ဘက် ယာဉ်ကြောသို့ ရောက်ရှိကာ လမ်းဘေးရှိ အဆောက်အဦအား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းသူ လူငယ် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ အခြား လူနှင့် တိရစ္ဆာန်များကိုလည်း ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
.
Photo – CJ