စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်၍ ကျောက်ကြီးမြို့နယ်မှ ပြည်သူ ၅ ဦး ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်၍ ကျောက်ကြီးမြို့နယ်မှ ပြည်သူ ၅ ဦး ဒဏ်ရာ ရ



အာဏာသိမ်း စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး နယ်မြေရှိ အင်းနက်ကျေးရွာအုပ်စုတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီ၏ ခလရ(၆၀)၊ ခမရ(၄၃၉)၊ ခမရ(၃၅၁) ပူးပေါင်းတပ်တို့သည် ဆိပ်ကြီးနှင့် ညောင်ကုန်းရွာတွင် စခန်းချပြီး အင်းနက်ကျေးရွာအုပ်စုသို့ ဇွန်လ ၂၅ ရက်၊ နံနက် ၇ နာရီမှ ၉ နာရီကျော်အထိ လက်နက်ကြီးအလုံးရေ ၄၀ ကျော် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကာ ယင်စနောက်ပိုင်း ပစ်ခတ်သည့် လက်နက်ကြီး အလုံးရေကို အတိအကျ မသိရသေးကြောင်း KNU က ထုတ်ပြန်သည်။

.



အဆိုပါ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ် အဆောက်အဦများ၊ ဘာသာရေးကျောင်းများနှင့် စာသင်ကျောင်းများ ပျက်ဆီး ဆုံးရှုံးခဲ့ရသည့် အပြင် ဒေသခံများ ဖြစ်သည့် စောသက်ဝေစိုး အသက်(၃၅)နှစ်၊ စောကျော်ကျော် အသက်(၃၀)နှစ် ၊ စောရန်နိုင်ဝင်း အသက်(၂၇)နှစ်၊ မငြိမ်းငြိမ်းစိုး အသက်(၃၀)နှစ်၊ ဒေါ်စန်းနွဲ့ အသက်(၆၂)နှစ် တို့တွင် ပြင်းထန် ဒဏ်ရာများ ရရှိခဲ့‌ကြောင်း သိရသည်။

.

ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်၍ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်နေခြင်းကြောင့် ဒေသခံ ပြည်သူ စုစုပေါင်း ၃၄၀၀ ဦးကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။



Journal Download

Photo of three cats