မိုးဗြဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းတောင် (၁၀၀၈) တပ်ရင်း ပါသည့် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းတောင် (၁၀၀၈) တပ်ရင်း ပါသည့် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား


ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၌ ယမန်နေ့ ဇွန်လ ၇ ရက်က စစ်ကောင်စီတပ်နှင့် ဖယ်ခုံ PDF တပ်ရင်း (၂)၊ မိုးဗြဲ PDF၊ KNDF တပ်ရင်း(၃)၊ တပ်ရင်း(၁၁)၊ (၁၂) ၊ URF နှင့် ရှမ်းတောင် (၁၀၀၈) တပ်ရင်း တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

လွိုင်ကော်မှ မိုးဗြဲသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ကို ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်း သေဆုံးပြီး ဖယ်ခုံ PDF တပ်ရင်း (၂) မှ ရဲဘော် တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်ရင်း (၁၀၀၈) က ယနေ့ ဇွန်လ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

.

ထို့အတူ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့မှ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ နာမကျန်း ဖြစ်နေသော အမျိုးသား တစ်ဦး လက်နက်ကြီးသံကြောင့် ထိတ်လန့် သေဆုံးခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats