ရန်ကုန်တွင် ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ ဟု ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရန်ကုန်တွင် ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ ဟု ဆန္ဒပြ

.

.
ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့် မွေးနေ့တွင် “ဦးအောင်ဆန်းသမီး နေကေင်းကျန်းမာပါစေ” ဟူသော စာသားနှင့်အတူ “ဖမ်းဆီးထားသော နိုင်/ကျည်းများ ချက်ချင်းလွှတ်” ဟူသော ကြွေးကြော်သံများဖြင့် ဟစ်ကြွေးကာ ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဆန္ဒပြချက်တက်ရာတွင် အကြမ်းဖက်စစ်တပ်၏ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခံ နိုင်ငံရေးအကျဉ်းသား များနှင့် ပြည်သူများစွာအတွက် “ ဖမ်းဆီးခံ နိုင်/ကျဉ်းများအား ချက်ချင်းလွှတ် “ အစရှိသည့်ကြွေးကြော်သံများနှင့် လူထုတစ်ရပ်လုံးသွေးမအေးစေရန် လှုံ့ဆော်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ လှုံ့ဆော်အုံကြွမှုအား Yangon Revolution Force - YRF (Soft Strike Community)၊ ရန်ကုန် သူပုန်များ သပိတ်ကော်မတီ (YRSC)၊ Revolution Force - RF၊ ဗမာ့လူငယ်ကွန်ရက်နှင့် အခြေခံကျောင်းသားများရေးရာအဖွဲ့ (အကရ) တို့မှ ပူးပေါင်းချီတက် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
Source – AAMIJ

Journal Download

Photo of three cats