နောင်ချိုတွင် ကျပ်သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုတွင် ကျပ်သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ


နောင်ချိုမြို့နယ်တွင် ဇွန်လ ၃ ရက်၊ နေ့လယ်ပိုင်းက မန္တလေးသို့ သယ်ယူသည့် ငွေကျပ် သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

မန္တလေး-လားရှိုးသွားကားလမ်း၊ နောင်ချိုမြို့အဝင် တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့ ရဲကျော်သူရ မောင်းနှင်လာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်အား စစ်ကောင်စီ လက်အောက်မှ ပူးပေါင်းအဖွဲ့က ရှာဖွေစဥ် ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူကာ ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း စစ်ကောင်စီ၏ မူးယစ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats